“မသိဘူး စားမယ်“ ဆိုင်မှာ သွားစားရင် ကောင်းမလား

“မသိဘူး စားမယ်“ ဆိုင်မှာ သွားစားရင် ကောင်းမလား -------- စားလိုက်ကြစို့ -------- ဒီဆိုင်လေးက ပိုက်ဆံ ၂၅၀၀ ကျပ်ရှိရင် လူတစ်ယောက်စာ ဗိုက်ဝသွားတယ်ဆိုပြီး လူပြောများနေခဲ့တာပဲ ဖြစ်ပါတယ်။ အသားလုံးအစုံ မာလာထုံထုံစပ်စပ်အရသာတွေနဲ့ “မာလာရှမ်းကော“ ၊ ထောပတ်နံ့သင်းသင်းနဲ့ အသီးအရွက်တွေပေါင်းထားတဲ့ “ထောပတ်တောင်ပံမြေအိုးထမင်းပေါင်း“ စတဲ့ဟင်းတွေလည်း ရတယ်လို့ သတင်းကြီးနေပါတယ်။ ဒါ့အပြင် ပန်းချီကားတွေအပြည့် ခင်းကျင်းထားပြီး စာအုပ်စင်လေးရှိနေတာကြောင့် ဟင်းပွဲပြင်ဆင်ချိန်တွေတောင် မေ့သွားမယ်ဆိုတဲ့ ဒီဆိုင်လေးကို သွားရောက်အားပေးကြည့်ရအောင်။ တင်ဆက် - သိမ့်အေးချမ်း၊ တည်းဖြတ် - ပြည့်စုံ
Back to Top