ယခုနှစ်ပိုင်း ရေလုပ်ငန်း လုပ်ကိုင်သူများ အဆင်မပြေမှု များနေ

ယခုနှစ်ပိုင်း ရေလုပ်ငန်း လုပ်ကိုင်သူများ အဆင်မပြေမှု များနေ -----— အကုန်သိသတင်းဌာန —------ နှစ်တိုင်း ငါးဘက်ဆိုရင် ထောင်ချီပြီး ရပေမဲ့ ဒီနှစ်မှာတေ့ ဆယ်ဂဏန်းတောင်မရဘူးလို့ ညည်းတွားနေသူတစ်ဦးကတော့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က တောကျောင်းကြီးစံပြကျေးရွာသူ အဒေါ်ကြီးတစ်ယောက်ပါ။ ဒီနယ်အတွင်းမှာ ရေလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေဟာ ဈေးကောင်းမရကြဘူးလို့လည်း ဆိုပါတယ်။ အခြေခံလူတန်းစား ပြည်သူတွေရဲ့ ဘ၀အခက်အခဲကို သိမြင်ကြဖို့ တင်ဆက်လိုက်ရပါတယ်။ တင်ဆက်/တည်းဖြတ် - ပြည့်စုံ၊ သတင်း - အောင်ကျော်ဇင်
Back to Top