မြန်မာပြည်ထဲက ဆင်ဖြူတော်တွေ

အရှေ့တောင် အာရှမှာ ဆင်ဖြူဆိုတာ ရတနာပါ။ ဒီထဲမှာမှတော့ ဆင်ဖြူတော် တွေဆိုတာကတော့ ရတနာတွေထဲကတော့ ရတနာပါပဲ။ ရှေးဘုရင်တွေလက်ထက်ကတည်းက ဆင်ဖြူပိုင်ဆိုင်တဲ့ နိုင်ငံဆိုတာ တိုင်းပြည်ပေါကြွယ်ဝတယ်၊ ဆန်ရေ စပါးပေါများတယ်၊ တိုင်းပြည် အင်အားကို ပြသရာရောက်တယ်ဆိုပြီး ဆင်ဖြူကို အသည်းအသန် လိုချင်ကြပါတယ်။ အရှေ့တောင် အာရှနိုင်ငံထဲမှာ ဆင်ဖြူကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဟာ နှစ်နိုင်ငံပဲ ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နှစ်နိုင်ငံတို့ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ ဆင်ဖြူ ၉ စီးပိုင်ဆိုင်ထားပါတယ်။ နေပြည်တော်မှာ ၆ စီးဖြစ်ပြီး၊ ရန်ကုန်မှာ ၃ စီး ဖြစ်ပါတယ်။ ဆင်ဖြူတွေနဲ့ပတ်သက်ရင် မျိုးရိုးဗီဇကြောင့် ဖြူတယ်လို့ ပြောဆိုလို့မရဘဲ နိုင်ငံတော်အုပ်ချုပ်သူတွေရဲ့ ဘုန်းကံကြောင့် ဆင်ဖြူပေါ်ထွန်းတယ်လို့ပဲ ပြောကြပါတယ်။ ဆင်ဖြူတော်တွေဆိုတာ ခန္ဒာကိုယ်တစ်ခုလုံး ဖြူစွတ်နေမှမဟုတ်ဘဲ ဆင်ဖြူ လက္ခဏာတွေဖြစ်တဲ့ အာ၊လျှာ ပန်းနုရောင်သန်းခြင်း၊ မျက်လုံးပုလဲရောင်သန်းခြင်း၊ နားရွက်ကြေးစည်ပုံရှိခြင်း၊ အမွှေးအမျှင်ဖြူခြင်း၊ ငှက်ပျောကိုင်းပုံ အမှင်ရှိခြင်း၊ ခြေသည်း လက်သည်း ဖြူခြင်း၊ အမြီးတံခါးပိတ်ပုံရှိခြင်း၊ ကြက်တူရွေးကဲ့သို့ လျှာရှိခြင်း စတဲ့အချက်တွေ ဖြစ်ပါတယ်။ နေပြည်တော်မှာ ထားရှိတဲ့ ဆင်ဖြူတော်တွေကတော့ အဲဒီ ကြင်အင်လက္ခဏာတွေနဲ့ ပြည့်စုံကြပါတယ်။ ရုပ်သံသတင်းထောက် - ယဉ်မွန် ၊ ဟိန်းသာ
Back to Top