၃ လကြာအောင် အာဏာရှင်ဆန်ဆန် မီးဖြတ်ခဲ့ဟုဆိုကာ မကွေးတိုင်းအစိုးရကို သမ္မတကြီးထံတိုင်ကြား

၃ လကြာအောင် အာဏာရှင်ဆန်ဆန် မီးဖြတ်ခဲ့ဟုဆိုကာ မကွေးတိုင်းအစိုးရကို သမ္မတကြီးထံတိုင်ကြား ------ အကုန်သိသတင်းဌာန ------ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ စကြီးကျေးရွာမှ တခြားရွာသို့ မီးသွယ်တန်းတဲ့ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေက ရွာသားတွေထံ အသိမပေးဘဲ လုပ်နေခြင်းအပေါ် ကန့်ကွက်ခဲ့တာကြောင့် တာဝန်ကိုနှောင့်ယှက်တယ်ဆိုပြီး မီးဖြတ်သွားခဲ့တာလို့ ဆိုပါတယ်။ ကန့်ကွက်တဲ့အကြောင်းကလည်း လမ်းဆုံမှာ မီးတိုင်တွေ ပွတ်တိုက်ရင်း လျှပ်စစ်အန္တရာယ်ကျရောက်မှာစိုးလို့ပါဆိုပြီး ဦးအောင်ဇော်ဝင်းက အခုလို ပြောပါတယ်။ ရိုက်ကူး - သက်မှူးအိမ်(မင်းဘူး) ၊ တင်ဆက် - မျိုးကေခိုင်၊ တည်းဖြတ် - သားကို
Back to Top