ဒဂုံမြို့သစ်တောင်ပိုင်း ၆၂ရပ်ကွက်အတွင်းရှိ ကျူးကျော်အိမ်များကို အင်အားသုံးပြီး ဖျက်သိမ်း

ဒဂုံမြို့သစ်တောင်ပိုင်း ၆၂ရပ်ကွက်အတွင်းရှိ ကျူးကျော်အိမ်များနှင့် ဆိုင်ခန်းများကို လူအင်အားသုံးပြီး ဖျက်သိမ်း ------ အကုန်သိသတင်းဌာန ------ ဒဂုံမြို့သစ်တောင်ပိုင်း ၆၂ရပ်ကွက်အတွင်းမှာရှိတဲ့ ယခင်ကြက်ဆူစိုက်ခင်း၊ ယခု ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ စီမံကိန်းမြေနေရာပေါ်မှာရှိတဲ့ ကျူးကျော်အိမ်များနဲ့ ဆိုင်ခန်းများကို ဒီနေ့ မနက် ၄ နာရီမှ စတင်ပြီး ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနအပါအ၀င် တာဝန်ရှိသူတို့က လူအင်အားသုံးပြီး ဖျက်သိမ်းခဲ့ကြပါတယ်။ ဒီဧရိယာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက “ပတ်ထရို“ စက်သုံးဆီ ကုမ္ပဏီနဲ့ လုပ်ငန်းလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပြီး လွန်ခဲ့တဲ့ ၃ လ ကတည်းက ဖျက်သိမ်းမယ်လို့ သတိပေးစာနဲ့ နစ်နာကြေးတွေ ပေးခဲ့တယ်လို့ သိရပါတယ်။ ရိုက်ကူး - မင်းသီဟန်၊ တည်းဖြတ် - သားကို
Back to Top