ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ၁၁၀၇ စစ်ဆင်ရေးကို စတင်

ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက နိုဝင်ဘာ ၇ ရက်မှာ ၁၁၀၇ စစ်ဆင်ရေးကို စတင်လိုက်ပြီး ကရင်နီပြည်နယ် မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီရဲ့ BGF စခန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဒါဟာ ရှမ်းပြည်မြောက်ပိုင်းက ညီနောင် ၃ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ကို ကြိုဆိုပံ့ပိုး ဖို့ ဖြစ်ကြောင်းလည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စခန်းအပြင်ဘက်ရှိ စစ်ကောင်စီစခန်း နှစ်ခုကို နိုဝင်ဘာ ၇ ရက်နေ့၊ နံနက်ပိုင်းအချိန်က ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်း တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ မယ်စဲ့မြို့နယ်အတွင်း ဖော်ဆောင်ခဲ့သည့် အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုကို ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က “၁၁၀၇ စစ်ဆင်ရေး“ လို့ အမည်ပေးထားကြောင်း သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ တချိန်တည်းမှာပဲ စစ်ကိုင်းတို&#
Back to Top