ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာက ထူးခြားတဲ့သတင်းများ

- လားဟူနှစ်သစ်ကူးပွဲကနေပြန်လာတဲ့ ဆယ်အိမ်မှူးတစ်ဦးကို လုပ်ကြံသတ်ဖြတ်သူကို ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိတယ်ဆိုတဲ့သတင်း - လုယက်မှုတွေနဲ့ ဘဏ်ဓာပြတိုက်မှုတွေ၂၀၂၂ မေလကနေ ၂၀၂၄ ဖေဖော်ဝါရီလထိ လတိုင်းအနည်းဆုံးတစ်ကြိမ်ဖြစ်နေတယ်လို့ Data for Myanmar က ဖော်ပြထားတဲ့သတင်း - ကလောမြို့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲပြုလုပ်တဲ့သတင်း - သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ကောက်ယူသွားမှာဖြစ်ပြီး လုပ်ငန်းအချိန်ဇယားအရ ရှေ့ပြေးအစီရင်ခံစာထုတ်ပြန်ခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ဖို့ လျာထားဆောင်ရွက်သွားမယ်ဆိုတဲ့သတင်း - တောင်ကိုရီးယားနိုင်ငံက ကျောင်းတွေကို ကြားခံတွေကတဆင့် ပညာသင်ကြေး ပေးသွင်းနေတာကြောင့် ကျောင်းသူကျောင်းသားတွေ နစ်နာမှုတွေရှိနေပြီး လိုအပ်တဲ့ စိစစ်မှတွေ ပြုလုပ်သွားမယ်လို့ ဆိုးလ်မြို့က မြန်မာသံရုံး ထုတ်ပြန်တဲ့သတင်း - အာကာသမှာ နျူလက်နက်ချထားဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရုရှားသမ္မတ ပြောဆိုလိုက်တဲ့သတင်း #PAN_Broadcasting
Back to Top