ရဲစခန်းသို့ လက်နက်ခဲယမ်းလာပို့သည့် စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်

MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာ ရဲကင်းစခန်းသို့ လက်နက်ခဲယမ်း ဖြည့်တင်း ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်း ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Hyper UAV Force အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။ “လမ်းတောက်လျှောက်မှာလည်း တိုက်ခိုက်ခဲ့တယ်၊ စခန်းထဲ သူတို့ဝင်သွားတဲ့အချိန်၊ ပြန်ထွက်တဲ့ အချိန် ၊ နောက်ဆုံး ကားတွေနဲ့ ပြန်ထွက်သွားတဲ့အချိန်အထိ လိုက်တိုက်ခဲ့တာ၊ ဗုံးသီးမျိုးစုံ ၂၇ လုံး အထိ အသုံးပြု တိုက်ခိုက်ခဲ့တယ်” ဟု Hyper UAV Force အဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု ဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြောက်ခင်ရန်းကျေးရွာမှ ထွက်ခွာလာပြီး ရေသာကျေးရွာ၊ ရွှေဘိုကျေးရွာများကို ဝင်ရောက်ပြီးနောက် ရွှေဘိုရွာတွင် ညအိပ်ကာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ရွှေဘိုကျေးရွာမှနွားလှည်းများကို အဓမ္မယူဆောင်၍ လက်နက်ကြီး ကျည်များ တင်ဆောင်ကာ တောင်ခင်ရန်းကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု Hyper UAV Force က ယနေ့စက်တင်ဘာလ ၂၅ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းစစ်ကြောင်းသည် တောင်ခင်ရန်းကျေးရွာသို့ ရောက်ရှိချိန်တွင် တောင်ခင်ရန်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ တောင်ခင်ရန်းကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွားကြောင်း Hyper UAV Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။ “ပုံမှန်ဆိုရင်တော့ တောင်ခင်ရန်
Back to Top