တစ်ပတ်အတွင်း KNU တပ်မဟာ ၃ မှာ ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခံရ

တစ်ပတ်အတွင်း KNU တပ်မဟာ ၃ မှာ ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခံရ ***************************** သံလွင်ခက် စက်တင်ဘာ ၁၁၊ ၂၀၂၃။ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေအတွင်းကို စစ်ကောင်စီတပ်က အခုလ ပထမပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေးကော်မတီထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်မှာ ကျောက်ကြီးမြို့နယ်က လော်မူသော ကျေးရွာနဲ့ ဘုရားလေးကုန်းဘုန်းကြီး ကျောင်းအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လော်မူသောကျေးရွာနဲ့ လော်မူပယ်ကျေးရွာက ဒေသခံ ၇၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေကြရသလို လော်မူပယ်မူလတန်းကျောင်းနဲ့ လော်မူသော အထက်တန်းကျောင်း ယာယီပိတ်ထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Back to Top