မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဘေးကင်းစေရန် ဒေသန္တရအမိန့်ထုတ်မည်

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဘေးကင်းစေရန် ဒေသန္တရအမိန့်ထုတ်မည် ------- အကုန်သိသတင်းဌာန ------ မကွေးတိုင်းဒေသကြီး မင်ဘူး/စကုမြို့နယ် သမိုင်းဝင် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဘေးကင်းစွာနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ပွဲတော်ကာလအတွင်းမှာ ဒေသန္တရအမိန့် ထုတ်ပြန်သွားမယ်လို့ ဘုရားဂေါပက ဥက္ကဌဦးအောင်သိန်းက ပြောပါတယ်။ ဒီပွဲတော်ကိုတော့ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ နှစ်ဆန်းတစ်ရက်အထိ ကျင်းပနေတာပဲ ဖြစ်ပါတယ်။ သတင်း - သက်မှူးအိမ်(မင်းဘူး)၊ တည်းဖြတ် - သားကို
Back to Top