မောင်တောမှာ ရဲကင်းတွေကို AA က ၀င်တိုက်တဲ့ ဖြစ်စဉ်

မောင်တောမှာ ရဲကင်းတွေကို AA က ၀င်တိုက်တဲ့ ဖြစ်စဉ် ------ အကုန်သိ မှုခင်း ----- ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောကြားမှာရှိတဲ့ ရဲစခန်း ၄ ခုကို AA လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်သွားတယ်လို့ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုပါတယ်။ ဒီလို ရဲစခန်းတွေကို တိုက်ခိုက်ရတာဟာ AA အနေနဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို ခြေကုပ်ယူရန် ကြိုးစားနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ တပ်မတော်က လုံးဝခွင့်ပြူမှာမဟုတ်ဘူးလို့ ထိပ်တန်းအရာရှိကြီးတစ်ဦးက အကုန်သိသတင်းဌာနကို ပြောပါတယ်။ တင်ဆက်/တည်းဖြတ် - ကိုမိုး
Back to Top