| အခြေအနေမကောင်းတော့တဲ့ ယူကရိန်းစစ်ပွဲထဲကို ဂျပန် နဲ့ ပြင်သစ်တို့ဝင်ကစားရပြီ...

| အခြေအနေမကောင်းတော့တဲ့ ယူကရိန်းစစ်ပွဲထဲကို ဂျပန် နဲ့ ပြင်သစ်တို့ဝင်ကစားရပြီ... ဘိုင်ဒင်ကယူကရိန်းထံပေးပို့ ကူညီဖို့လျာထားတဲ့အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံကို ရီပတ်ဘလီကန်အမတ်တွေက တားဆီးပိတ်ဆို့နေကြပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေအဆင်မပြေလို့ ယူကရိန်းကိုပေးပို့မယ့်အကူအညီနဲ့ပတ်သက်ပြီးလာမယ့် နှစ်ဆန်းကျမှဆက်လက်ညှိနှိုင်းမှာဖြစ်ကြောင်းအထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် နဲ့အထက်လွှတ်တော်မှာ ဒုတိယအာဏာအရှိဆုံးဖြစ်တဲ့ ရီပတ်ဘလစ်ကန်အမတ် ဂျွန်သွန်း တို့ကထုတ်ဖော်ပြောကြားကြပါတယ်။ အိမ်ဖြူတော်ကတော့ဒီနှစ်ကုန်တာနဲ့ ယူကရိန်းကိုပေးဖို့ငွေမရှိတော့ဘူးလို့လွှတ်တော်ကိုသတိပေးလိုက်ပါတယ်။    အီးယူကကူညီမယ့်ယူရို ၅၀ ဘီလီယံကိုလည်း ဟန်ဂေရီကဗီတိုအာဏာသုံးပြီးကန့်ကွက်နေပါတယ်။ အမြောက်ကျည်၊ဒုံးကျည်အရန်အင်အားလျော့နည်းသွားလို့ရှေ့တန်းက တပ်စခန်းတွေကိုခွဲတမ်းစနစ်နဲ့ပေးဝေနေရပါပြီ။ ကြိုတင်စီစဥ်ထားတဲ့စစ်ဆင်ရေးအတော်များများကို ရွှေ့ဆိုင်းရပ်နားလိုက်ရပါတယ်။ လက်နက်ကြီးပစ်အားက ၁၀ ချိုး ၁ ချိုးလောက်ကွာဟသွားခဲ့ပါတယ်။ ရုရှရဲ့ပစ်အားကိုမလှန်နိုင်တဲ့အဆင့်ရောက်နေပါပြီ။   ရုရှကတော့ အစ္စရေး-ဟားမက်စ် ပဋိပက္ခဖန်တီးပြီး အာရပ်ရေနံသူ‌‌ဌေးနိုင်ငံတွေရဲ့ထောက်ခံမှုကိုအရယူနိုင်ခဲ့ပါတယ်။ အာရပ်သူဌေးတွေကရုရှကိုဘဏ္ဍာရေးအရ ကျားကန်ပေးထားတာကြောင့် အနောက်နိုင်ငံတွေရဲ့စီးပွါးရေးပိတ်ဆို့မှုကိုအာခံလို့ရသွားပါပြီ။ အီရန်နဲ့မြောက်ကိုးရီးယားတို့ဆီကအမြောက်ကျည်၊ ဒုံးကျည်အမြောက်အများƜ
Back to Top