RunningMan (Mmsub)Part.1

Guest -Choi Min-soo, Yoon So-yi (Find the Golden Crowns) တစ်ချိန်ကRunning Manအဖွဲ့သားတွေဖိတ်ဖိတ်တုန်အောင်ကြောက်ခဲ့ရတဲ့ဧည့်သည်တစ်ယောက်ရှိတာသိကြမှာပေါ့…မင်ဆူ…ချွဲမင်ဆူပါ။ဒီအပိုင်းကတော့ချွဲမင်ဆူရဲ့တစ်နှစ်ပြည့်အထူးပွဲလေးပါ။လွန်ခဲ့တဲ့တစ်နှစ်RunningManတွေကိုရှုံးခဲ့တဲ့ မုဆိုးကြီးမင်ဆူကRunning Manအဖွဲ့ဝင်တွေကိုသွေးကြွေးဆပ်ပွဲလို့လည်းပြောလို့ရပါတယ်။RunningManအဖွဲ့ဝင်၇ယောက်က အဖွဲ့တွေခွဲပြီးရထားပေါ်မှာပေါ့ပေါ့ပါးပါးဂိမ်းလေးတွေကိုဆော့ကစားပြီးဘူတာတစ်ခုရောက်တိုင်း ရှုံးတဲသူကအံစာတုံးဆင်းလှိမ့်ရမှာပါ။အံစာတုံးမှာ​တော့“တတ်ပါ”နဲ့ “ဆင်းပါ”ဆိုပြီးနှစ်မျိုးပဲရှိပြီး“ဆင်းပါ”ကျတဲ့ရင်တော့ဆင်းနေခဲ့ရမှာဖြစ်ပြီးကိုယ့်ဟာကိုယ် finalmissionနေရာ(ဂယောင်ဂျူ “G”ကစားကွင်း)ကိုလာကြရမှာပါ။တစ်နေ့တာလုံးပျော်ရွှင်နေကြတဲ့သူတို့အဖို့ဘယ်လိုကြောက်ရွံထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုက စောင့်ကြိုနေမလဲ?သွေးကြွေးဆပ်ဖို့ရောက်လာတဲ့မင်ဆူတစ်ယောက်ရောလက်စားချေနိုင်ပါ့မလား?RunningManတွေရဲ့ငယ်ရွယ်တတ်ကြွမှုတွေနဲ့အတူစိတ်လှုပ်ရှားစရာမစ်ရှင်တွေနဲ့ ကြည့်ရှုရမယ့်၂၀၁၁ ခုနှစ်ကအပိုင်းဟောင်းလေးတစ်ပိုင်းဖြစ်ပါတယ်။ အပိုင်း(၅၂)Part.1
Back to Top