Eleven ကိစ္စ ဘာမှလုပ်ပေးလို့ မရသေးဘူးလို့ မီဒီယာကောင်စီ ဆို

Eleven ကိစ္စ ဘာမှလုပ်ပေးလို့ မရသေးဘူးလို့ မီဒီယာကောင်စီ ဆို -------- အကုန်သိ သတင်းဌာန --------- Eleven မီဒီယာသမားသုံးဦးကိစ္စအတွက် နိုင်ငံတော်သမ္မတရုံးက တိုင်းအစိုးရအဖွဲ့ ထံ ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီညွှန်ကြားချက်ထဲမှာတော့ သတင်းမီဒီယာကောင်စီရဲ့ တိုက်ရိုက်ညှိနှိုင်းပေးမှု သွားဖို့ ၊ ညှိနှိုင်းမှုအဆင်မပြေမှသာ ဥပဒေလမ်းကြောင်းအတိုင်း သွားဖို့ ဖြစ်ပြီး ဒီမတိုင်ခင်ကတည်းက တိုင်းအစိုးရအဖွဲ့ ကြောင့် မီဒီယာသမားသုံးဦးလုံး အချုပ်နန်းစံ ထားရပါတယ်။ တိုင်းအစိုးရအဖွဲ့ က သမ္မတရုံးညွှန်ကြားစာကြောင့် ကောင်စီကို စာပို့ ထားပြီဖြစ်ပေမယ့် လက်ရှိမှာတော့ ကောင်စီဘက်က ဘာမှလုပ်ပေးလို့ မရသေးဘူးလို့ လည်း ထုတ်ပြောလာပါတယ်။ ရိုက်ကူးတည်းဖြတ် - သီဟ
Back to Top