တကျော့နှစ်ကျော့တေးကိုသီ
#နိုးထကြပါတော့#
မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့
ညီမလေးရေ ထပါတော့ ရောင်နီလာလှပေါ့
တစ်ကျော့ နှစ်ကျော့ တေးကိုသီ ဌက်ကျားနှုတ်ပလီ
တီတာခွန်းတွဲ့ လဲ့လဲ့သံစဉ်ညီ
မုန်းလျှင်အပြစ် ချစ်လျှင်အကျိုး
မြတ်နိုးတော့ သဒ္ဓါ အိမ်မက်သံသရာမှ နိုးထစေချင်သည်
ဖြိုးဖျရွှေရင် ဘဝင်စိမ့်စိမ့် သိမ့်သိမ့်မည်
ကျွန်တော်ကျွန်မတို့ ငယ်ငယ် မိရယ် ဖရယ် ဘဝဝယ်စုံစုံညီ
မေတ္တာအပေါင်း သြော် ချစ်သဒ္ဓါလောင်း
ချစ်ကြောင်းကုန်စင်သည် ချစ်ကြောင်းကုန်စင်သည်
တစ်မိတစ်ဝမ်းချမ်းမြ လျှမ်းပ ဘယ်သူ့မှ မမျှမဝေ
ရလေလိုလေ ဖြစ်ခဲ့မိပါသည်
ဘဝတေးဆိုလျှင် ခဏလေးမဆိုချင်
ကျော့ကျော့လွင်မှ အသွင်လှပါလေမည်
သို့သော်လည်း မုန်းတေးတစ်ခါကျော့လျှင်
ချစ်တေးတစ်ခါ နှစ်ခါ သုံးခါ လေးခါ
အခါအခါကျော့စေချင်ပါသည် အခါခါကျော့စေချင်ပါသည်
မောင်လေးရေထပါတော့ ရောင်နီလာလှပေါ့
ညီမလေးရေ ထပါတော့ ရောင်နီလာလှပေါ့
မော့မော့သံစဉ်ညီ တီတာခွန်းဆက်
ဌက်ကျားနှုတ်ပလီ ဒီတစ်ခါတော့လေ
တစ်ကျော့ နှစ်ကျော့ ကျော့ကျော့တေးကိုသီ
Dreammz Smc
အမျိုးဘာသာ သာသနာ ကိုးကွယ်မြတ်နိုးသူတစ်ဦး