စစ်ကောင်စီတပ်က ပေါက်တောမြိုကို အတွဲလိုက်ဒုံးတွေပစ်ခတ်နေ

စစ်ကောင်စီတပ်က ပေါက်တောမြိုကို အတွဲလိုက်ဒုံးတွေပစ်ခတ်နေ Border News Agency (ရုပ်သံ သတင်း) စစ်တွေ၊ဒီဇင်ဘာ ၁၀။ စစ်တွေမြိုရှိစစ်ကောင်စီအမြောက်တပ်ကနေပြီးပေါက်တောမြိုသို့ ဒီဇင်ဘာလ ၁၀ ရက်၊ဒီနေ့ည ၈ နာရီကျော်အချိန်က အတွဲလိုက်ဒုံးတွေထပ်မံပစ်ခတ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုပစ်ခတ်မှုတွေကို ရက်အနည်းင ယ်ရပ်တန့်နေခဲ့ရာကနေ ဒီနေ့ထပ်မံပစ်ခတ်တာဖြစ်သလို သုံးချိန်ဆက်တိုင်းပ စ်ခတ်ခဲ့တယ်လို့လည်း စစ်တွေမြိုခံတွေက ဆိုကြပါတယ်။ ရက္ခိုင့်တပ်တော်(AA)ကတော့ ပေါက်တောမြိုပေါ်မှာကျန်နေသေးတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တချို့ကို ရှင်းလင်းရေးလုပ်နေတယ်လို့ မနေ့ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ပေါက်တောမြိုသို့စစ်ကူပိုဖိုကြိုးစားနေသလို ရေတပ်စစ်သင်္ဘောတွေ၊စစ်ရဟတ်ယာဉ်တွေနဲ့ပစ်ကူပေးနေတယ်လို့လည်း ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။ အဲဒီပေါက်တောမြိုမှာကျန်နေသေးတဲ့စစ်ကောင်စီတပ်ဖွဲတချိုဟာ အစာရေ စာပြတ်လပ်နေသလိုလက်နက်ခဲယမ်းတွေလည်းမလုံလောက်တော့တာမို့ စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်းပစ်ကူပေးကယ်ထုတ်ဖိုကြိုးစားနေတာလို့ ဆိုကြပါတယ်။
Back to Top