ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးတပ်ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ်ကျန်စစ်သားကို မြန်မာပြည်တွင်ထုတ်လုပ်သည်

မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ မြန်မာရေတပ်ကတော့ စွမ်းရည်ပြည့်ဝပြီး ခေတ်မီရေတပ်ဖြစ်ရန်အတွက် အင်အားတည်ဆောက်နေလျက်ရှိသည်။ တပ်ဖွဲ့ဝင်အင်အား 20,000 နီးပါးသည် ရေတပ်ရှိ စစ်သင်္ဘောများကို စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဖရီးဂိတ်စစ်ရေယာဉ်နှင့်ကော်ဗက်စစ်ရေယာဉ်များမှသည် တော်ပီဒိုဘုတ်များနှင့် ကမ်းရိုးတန်းသွားသင်္ဘောဖျက်ဒုံးတပ်ဆင်ထားတဲ့စစ်ရေယာဉ်များအထိတာဝန်ထမ်းဆောင်လျှက်ရှိသည်။ ရေတပ်မှပိုင်ဆိုင်ထားတဲ့စစ်ရေယာဉ်များထဲမှ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုမှာ မြန်မာရေတပ်သမိုင်းတွင် ပထမဆုံးစစ်ရေယာဉ်ဖြစ်သည့် ပါးလွှာပြီးချောမွေ့သောကိုယ်ပျောက်အင်္ဂါရပ်များကို ထည့်သွင်းထားသော Kyan Sitha အတန်းအစား ဖရီးဂိတ်စစ်ရေယာဉ်ဖြစ်ပါသည်။ ဆိုလိုတာကတော့ ရွက်လွှင့်တိုင်ကိုအပြည့်ဖုံးအုပ်ထားခြင်း ၊ မီးခိုးထွက်ပေါက်အနိမ့်ပိုင်းပြုလုပ်ထားခြင်း နှင့် သင်္ဘောကြမ်းပြင်များ အချွန်အတက်အနည်းငယ်သာ ပါရှိခြင်းတို့ဖြစ်သည်။ UMS Kyan Sittha ဖရီးဂိတ်စစ်ရေယာဉ် (F12) နှင့် UMS ဆင်ဖြူရှင် ဖရီးဂိတ်စစ်ရေယာဉ် (F14)တို့အပါအဝင် မြန်မာနိုင်ငံရေတပ်မှာ စုစုပေါင်း ဖရီးဂိတ်စစ်ရေယာဉ်ငါးစီးအထိတာဝန်ထမ်းဆောင်လျှက်ရှိပြီး လက်ရှိတွင် ၁၃၅ မီတာ ဖရီးဂိတ်စစ်ရေယာဉ်(သို့)Destroyer စစ်ရေယာဉ်ကိုတော့ တည်ဆောက်လျှက်ရှိသည်။ မြန်မာရေတပ်၏ ဦးဆောင်စစ်သင်္ဘောအဖြစ် UMS Kyan Sitha ဖရီးဂိတ်စစ်ရေယာဉ်(F12) အား မြန်မာ့ရေတပ်သင်္ဘောကျင်းတွင် ရေချခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သည် ။ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ UMS Kyan Sitha ဖရီးဂိတ်စစ်ရေယာဉ်(F12) အား
Back to Top