| အနောက်ဘက်ကမ်း (West Bank) ပါလက်စတိုင်းကို အစ္စရေး တို့စတင်တိုက်ခိုက်ပြီ

| အနောက်ဘက်ကမ်း (West Bank) ပါလက်စတိုင်းကို အစ္စရေး တို့စတင်တိုက်ခိုက်ပြ ဆီးရီးယား နိုင်ငံတကာလေဆိပ် နှစ်ခု အစ္စရေးဒုံးကျည် ထပ်မံထိမှန်ပြီး ပိတ်လိုက်ရ ပြီလို့သိရပါတယ် .. ဆီးရီးယားနိုင်ငံ ဒမတ်စကတ် နဲ့ အလက်ပို နိုင်ငံတကာလေဆိပ်တွေကို အစ္စရေးတပ်တွေက အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းက ဒုံးကျည်တွေနဲ့ ပစ်ခတ်ကြောင်း ဆီးရီးယား အစိုးရ သတင်းဌာနက ဖော်ပြပါတယ်။ ဒမတ်စကတ်နဲ့ အလက်ပို နိုင်ငံတကာလေဆိပ်တွေကို ဟစ်ဇ်ဘိုလာနဲ့ ဟားမတ်စ်တွေအတွက် လက်နက်ပို့ပေးတဲ့ နေရာအဖြစ် အီရန်အစိုးရက အသုံးပြုနေတဲ့အတွက် တိုက်ခိုက်တာလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။ လေဆိပ်နှစ်ခုစလုံးရဲ့ အဓိက နေရာတွေကို ထိမှန်တဲ့အတွက် လေဆိပ်လည်ပတ်မှုအားလုံး ရပ်သွားပြီး လောလောဆယ် လေယာဥ်အားလုံး အတက်အဆင်း မပြုလုပ်နိုင်တော့ကြောင်းလည်း ဆီးရီးယားအစိုးရ သတင်းဌာနက ထုတ်လွှင့်သွားပါတယ်။ အီရန်အစိုးရဟာ အရပ်ဘက် ကုန်တင်လေယာဥ်တွေ အသုံးပြုပြီး ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေအတွက် လက်နက်ခဲယမ်းတွေ တင်ပို့ပေးနေသလို လေဆိပ်အနီးမှာကို လက်နက်သိုလှောင်ဂိုဒေါင်တွေ တည်ဆောက်ထားတယ်လို့ အစ္စရေးက ပြောဆိုထားပါတယ်။ အရှေ့အလယ်ပိုင်း အခြေအနေတွေကို မတည် မငြိမ်ဖြစ်အောင် လုပ်နေသူဟာ အီရန်အစိုးရဖြစ်တယ်လို့လည်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ အစ္စရေးကာကွယ်ရေးဦးစီးချုပ် ဟာဇီ ဟာလဲဗီက တော့ “ကျုပ်တို့ဂါဇာကိုဝင်မှာပါ၊ ဟားမတ်စ်တွေကိုအမြစ်ပြတ်ချေမှုန်းမှာပါ၊ သူတို့ရဲ့အခြေခံအဆောက်အအုံအားလုံးကိုဖျက်ဆီးပစ်မှာပါ“ လို့&#
Back to Top