ရခိုင်နဲ့ပတ်သက်ပြီး ကမ္ဘာမှာ နာမည်ကြီးနေတဲ့ My Hidden City ရုပ်ရှင်

My Hidden City ရုပ်ရှင်ဟာ ဘာကြောင့် အခုလို နာမည်ကြီးနေတာလဲ။ ဘာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက လက်ခံနေကြတာလဲ။ ဒီရုပ်ရှင်ဟာ ဘယ်လိုရုပ်ရှင်အမျိုးအစားလဲဆိုတာတွေကို လေ့လာကြည့်လိုက်ရအောင်။ - ဒီရုပ်ရှင်ဟာ ရခိုင်တို့ရဲ့ ရှေးဟောင်းဘုရင့်နိုင်ငံတော်ဖြစ်ခဲ့တဲ့ မြောက်ဦးအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတိုဖြစ်ပါတယ်။ - ဒီရုပ်ရှင်ဇာလမ်းတိုဟာ ကြာမြင့်ချိန် ၁၈ မိနစ်လောက် ရှိပါတယ်။ - ဒီရုပ်ရှင်ထဲမှာ ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းရဲ့ မြေးဖြစ်သူ မစောနန်းဣသျှင်နဲ့ ကိုစောမင်းဖြူတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ - ရခိုင်လူမျိုးတွေရဲ့ ခေတ်အဆက်ဆက် ထုံးတမ်းစဉ်လာ၊ ဓလေ့စရိုက်တွေ၊ ရခိုင်ရိုးရာ ပြိုင်လောင်းပြိုင်ပွဲ၊ ကျင်ပြိုင်ပွဲတွေနဲ့ မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းဘုရားပုထိုးစေတီတွေကို ရိုက်ကူးထားပါတယ်။ - ဒီရုပ်ရှင်ကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလထဲမှာ မြန်မာလူမျိုးဒါရိုက်တာ ဝဏ္ဏကျော်နဲ့ အမေရိကန်လူမျိုး ဒါရိုုက်တာ Mr Barry Pousman တို့ ပူးပေါင်းရိုက်ကူးခဲ့ကြတာပါ။ - ဒီရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ရခိုင်က ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းနဲ့ Mr Kimball Gallagher တို့က အဓိက ပံ့ပိုးပေးခဲ့ကြပါတယ်။ - ရခိုင်တို့ရဲ့ မြောက်ဦးမြို့ကို ကမ္ဘာကသိရှိလာစေဖို့နဲ့ မြောက်ဦးယဉ်ကျေးမှုနယ်မြေက ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖန်တီးခဲ့ကြတာလို့ ဒီရုပ်ရှင်ဖြစ်မြောက်ရေးကြိုးပမ်းခဲ့သူတွေက ပြောပါတယ်။ - ဒီမှတ်တမ်းရုပ်ရှင)
Back to Top