ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စခန်းသိမ်းနေတဲ့ KNDF

ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စခန်းသိမ်းနေတဲ့ KNDF ************* ကောင်းချစ်အောင် နိုဝင်ဘာ ၆၊ ၂၀၂၃။ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ “၁၀၂၇“ စစ်ဆင်ရေးစခန်းသိမ်းတိုက်ပွဲတွေမှာ ကရင်နီအမျိုးသား ကာ ကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် - ၆၀၆ လည်း ပါဝင်နေတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ အထိနာနေတဲ့စစ်ကောင်စီက ရှမ်း - ကရင်နီ(ကယား)နယ်စပ်က တပ်တွေပြန်ရုတ်ပြီး ရှမ်း မြောက်ကိုစစ်ကူပို့ပေးနေရသလို ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ အခုအချိန်မှာ ထိုးစစ်အရှိန်မြှင့်တင်သင့် တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
Back to Top