စက်တင်ဘာ ၂၉ ရက်နေ့ နိရဉ္စရာရုပ်သံအစီအစဉ်

ဒီကနေ့ တင်ဆက်ပေးမယ့်သတင်းတွေကတော့ 00:54 - စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ကချင်ပြည်နယ် လိုင်ဇာမြို့က ရက္ခိုင့်တပ် တော် AA တပ်စခန်းထဲကျရောက်ပေါက်ကွဲခဲ့လို့ (AA) ဗိုလ်ကြီးတစ်ယောက် ကျဆုံးခဲ့ရတဲ့သတင်း 03:10 - တိုက်ပွဲမရှိဘဲ ငြိမ်းချမ်းနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ လာမယ့်ပွင့်လင်းရာသီရောက်ရင် ကပြဖျော်ဖြေကြ မယ့် ဇာတ်သဘင်အဖွဲ့ပေါင်း ၂၀ အထိ တိုးလာနေတဲ့သတင်း 05:18 - မာန်အောင်မြို့က ဆိုလာလျှပ်စစ်မီးပျက်နေတဲ့အတွက် ဒီဇယ်ဆီသုံးပြီး လျှပ်စစ်မီးဖြန့်ဖြူးနေရလို့ တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီပြည့်အောင်မရတော့တဲ့အတွက် ဒေသခံပြည်သူတွေ ပညာရေး စီးပွားရေး ကျန်းမာရေးကအစ ထိခိုက်နေရတဲ့ သတင်း 06:53 မြန်မာနိုင်ငံရှိ ထောင်အသီးသီးကနေ ပြန်လည် လွတ်မြောက် လာတဲ့ မွတ်ဆလင် ၄၀၀ ကျော်ကို ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များတွင် ပြန်လည် နေရာချပေးနေတယ်လို့ သတင်း 07:48 စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာကို စစ်ကောင်စီတပ်ဟာ လက်နက်ကြီးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် စာသင်နေကြတဲ့ ကလေးငယ် ၁၈ ယောက် ဒဏ်ရာရရှိခဲ့တဲ့သတင်း 08:57 နိုင်ငံတကာ အာကာသစခန်းယာဉ် (ISS) ပေါ်မှာ တစ်နှစ်ကြာနေထိုင်ခဲ့ပြီးနောက် ကာဇက်စတန် မြက်ခင်းပြင်ပေါ် ပြန်လည်ဆင်းသက်လာခဲ့တဲ့သတင်း _____________________________________________________________ နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။ 🌐 Website 🌐 Twitter - 🌐 Facebook - မြန်မာစာသတင်း 🌐 Facebook - အင်္ဂလိပ်စာသတင)
Back to Top