မြို့တော်စည်ပင်သာယာရေးလုပ်ငန်းတွေ ထိရောက်အောင်မြင်ဖို့ ဘယ်လိုလုပ်ရမလဲ
မြို့တော်စည်ပင်သာယာရေးလုပ်ငန်းတွေ ထိရောက်အောင်မြင်ဖို့ ဘယ်လိုလုပ်ရမလဲ
--------- ဥပဒေနှင့် ထိတွေ့ခြင်း (၁၉) --------
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေမှာ ပြဋ္ဌာန်းချက်တွေ များပြားစွာပါဝင်နေသလို ပြည်သူလူထုအတွက် ထိရောက်အောင်မြင်စွာ လုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ မြို့နယ်ကော်မတီဝင်၊ ခရိုင်ကော်မတီဝင်၊ မြို့တော်ကော်မတီဝင်တွေ အသီးသီး ရွေးချယ်ပြီးရင် ကော်မတီဝင်တွေအနေနဲ့ မြို့တော် သာယာလှပရေးအတွက် လိုအပ်ရင် အကြံပေးနဲ့ အကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်ပါတယ်။ ဒီအဖွဲ့အစည်းတွေ လစာနဲ့ စရိတ်ချီးမြင့်ငွေများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ အင်မတန်ကောင်းမွန်သလို တကယ်လည်း အသုံးပြုသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က အကြံပြုဆွေးနွေးထားပါတယ်။
မေးမြန်း / တည်းဖြတ် - သီဟ