ကိုးကန့် ကျားဖြန့်နှိမ်နင်းရေးက ... စောချစ်သူကို စိုးရိမ်စေခဲ့တယ် - BBC News မြန်မာ

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုမြို့သစ်ဟာ ကျားဖြန့်လို့ သိကြတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ကြီးစိုးတဲ့နေရာအဖြစ်လူသိများပါတယ်။ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက တရုတ်နိုင်ငံသားတွေလည်ပတ်တဲ့ ကျားဖြန့်ဂိုဏ်းတွေကို အဓိကပံ့ပိုးနေတာဖြစ်ပြီး စောချစ်သူလက်အောက်ခံ ဗိုလ်မိုလ်သိုလ်နဲ့ ဗိုလ်မှူးတင်ဝင်းလည်း ပါဝင်တယ်လို့ အမေရိကန် အခြေစိုက် USIP အင်စတီကျူ့က ဒီရက်ပိုင်းထုတ်တဲ့ သူတို့ရဲ့အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။ ဗိုလ်မှူးကြီးစောချစ်သူကတော့ ရွှေကုက္ကိုမှာ အဲဒီလိုလုပ်ငန်းတွေမရှိစေရေးလုပ်နေတယ်လို့ ဘီဘီစီကို ဇန်နဝါရီလတုန်းက ပြောထားပါတယ်။ BGF ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ ဘယ်လောက်ပမာဏအထိ ဝင်ငွေတွေ ရနေလဲ၊ လက်ရှိမြဝတီအခင်းအကျင်းမှာ ဗိုလ်မှူးကြီးစောချစ်သူရဲ့အခန်းကဏ္ဍ၊ နောက် မြဝတီအရေးမှာ ထိုင်းရဲ့အခွင့်အလမ်း ... စတာတွေကို USIP ရဲ့ မြန်မာ့ရေးရာညွှန်ကြားရေးမှူး ဂျေဆင်တာဝါ ရဲ့ ပြောကြားချက်ကို ဒီရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #မြန်မာ #ထိုင်း #ရွှေကုက္ကို #စောချစ်သူ #USIP #ကျားဖြန့် #အွန်လိုင်းငွေလိမ်လည်မှု
Back to Top