GUNJAN SAXENA (2020)

GUNJAN SAXENA (2020) ဒီတခါတော့ ပရိတ်သတ်ကြီးအတွက်ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ်တင်ဆက်ပေးလိုက်ပါပြီ.... ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီးတင်ဆက်ထားတာပါ။ ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကိုခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့်ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်.စာဆိုလဲ အရမ်းတော်ပေမယ့်... သူ့ရဲ့တခုတည်းသောရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ.ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့ကရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်။ ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး.သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလို အပ်ချက် ၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ ၁၁ တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်။ ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်။ ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအ ဆင့်တွေလိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်.နောက်ဆုံး ပ ညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကိုလက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်။ ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ်ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ်။ ဂွန်ဂျူးရဲ့အာဂသတ္တိကိုလေးစားဖွယ်တင်ဆက်ပြသထားတဲ့အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ညွှန်းလိုက်ပါရစေဗျာ... #Credit
Back to Top