မုန်တိုင်းကို အကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထွက်ရန် စစ်ကောင်စီ အကျပ်ကိုင်

မုန်တိုင်းကို အကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထွက်ရန် စစ်ကောင်စီ အကျပ်ကိုင် မိုခါမုန်တိုင်းတိုက်ခတ်ပြီး ရက်သတ္တပတ် ကြာလာသည်အထိ မုန်တိုင်းသင့်ဒေသများကို သွားရောက်ကူညီရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများကို အာဏာသိမ်းစစ်ကောင်စီက ဆက်လက်ပိတ်ပင်ထားသည်။ မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဒုက္ခသည်စခန်းများတွင် မုန်တိုင်းဖြစ်ပြီး ၆ ရက်ကြာသည်အထိ ကယ်ဆယ်ရေး မဝင်ရောက်နိုင်သေးဘဲ အချိန်မီ အကူအညီမရပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ဒေသခံများနှင့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းက နာဂစ်မုန်တိုင်းတိုက် ခတ်စဉ် လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့စဉ်ကလည်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများကို စစ်အစိုးရ က အလားတူပိတ်ပင်ခဲ့သည်။ သတင်း၊ တင်ဆက် - မောင်ရွှေဝါ၊ အောင်နိုင်၊ ဟန်သစ်
Back to Top