သာကေတ (၁၀၈) တောင်ဘုရားဘက်က ဆိုးဝါးတဲ့လမ်းတွေကို ကြည့်ရအောင်

သာကေတ (၁၀၈) တောင်ဘုရားဘက်က ဆိုးဝါးတဲ့လမ်းတွေကို ကြည့်ရအောင် -------- မုန့်လင်မယားဗန်း ရန်ကုန်လမ်း(၃) --------- သန်လျှင်တံတားဆီကို ဦးတည်တဲ့ ချဉ်းကပ်လမ်းဘက် သာကေတ (၁၀၈)တောင်ဘုရားအနီးတစ်ဝိုက်မှာ လမ်းတွေ ပျက်စီးနေပါတယ်။ အထူးသဖြင့် လကမ္ဘာလို ၊ မုန့် လင်မယားဗန်းလိုမျိုး ချိုင့်ခွက်တွေအပြည့်နဲ့ ဖြစ်နေပြီး ကားတွေ သွားလာဖို့ အတွက် တစ်လိမ့်ချင်း လှိမ့်နေရပါတယ်။ မကြာခဏ ဖာထေးပေမယ့် မကြာခဏ ပေါက်ပြဲနေတဲ့ ဒီလမ်းကျောတစ်ခုလုံးကို ဘယ်လိုမျိုး ပြင်ဆင်သင့်ပါသလဲ။ ပြင်ရော ပြင်ဖြစ်ဦးမှာလားဆိုတာ...။ မုန့် လင်မယားဗန်း ရန်ကုန်လမ်းအစီအစဉ်ကို နှစ်ပတ်တစ်ကြိမ် တင်ဆက်ပေးနေတာဖြစ်ပြီး ပြည်သူများအနေနဲ့ လည်း အမြင်မတော်တဲ့လမ်းတွေ တွေ့ လာရင် ဆက်သွယ်ပေးနိုင်ပါပြီ။ ဖုန်း - 09420413099 ရိုက်ကူးတည်းဖြတ်တင်ဆက် - အိဖြူသိမ့်၊ သားကို
Back to Top