သံကွင်းထိုးထွက်နေတာ ထူးဆန်းတယ်ဆိုပြီး တူးကြည့်ရာ စစ်ကျန်ဗုံးသီးဟောင်း တွေ့ရှိ

သံကွင်းထိုးထွက်နေတာ ထူးဆန်းတယ်ဆိုပြီး တူးကြည့်ရာ စစ်ကျန်ဗုံးသီးဟောင်း တွေ့ရှိ ------ အကုန်သိသတင်းဌာန ------ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက ဇောတိကျေးရွာမှာ ကလေးငယ် ၃ ဦးဟာ ခြံဝန်းထဲက မြေပြင်တစ်နေရာမှာ သံကွင်းကြီးတစ်ခု ထိုးထွက်နေတာကို တွေ့ရှိသွားပြီး မိခင်ဖြစ်သူအား ခေါ်ပြရာ နွားခလောက်ကြီးဖြစ်မယ်ထင်၍ တူးခိုင်းကြည့်ရာမှ စစ်ကျန်ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိခဲ့ပါတယ်။ ရိုက်ကူးမေးမြန်း - ကိုထွေး(ညောင်လေးပင်)၊ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - ကိုမိုး
Back to Top