ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အရေးယူပေးဖို့ တရုတ်တောင်းဆို (ရုပ်/သံ)

ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အရေးယူပေးဖို့ တရုတ်တောင်းဆို (ရုပ်/သံ) ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၄ မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ မစ္စတာ ကျောက်လိကျန်း က အောက်တိုဘာ ၂၁ ရက်နေ့က ပေကျင်းမြို့တော် သတင်းစာရှင်းလင်းပွဲမှာ တောင်းဆို လိုက်ပါတယ်။ ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုကို သေချာစုံစမ်းပြီး ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့နဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်ကောင်စစ် အရာရှိတွေ၊ စီမံကိန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို မြှင့်တင်ပေးဖို့ လည်း ပြောသွားပါတယ်။ တရုတ် ကောင်စစ်ဝန်ရုံးဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဆောက်အဦးအတွင်း ထိခိုက်၊ ပျက်စီးမှု အချို့ ရှိခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှု ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ လတ်တလောအထိ ထုတ်ပြန်ထားတာမျိူး မရှိသေးပေမယ့် စစ်ကောင်စီရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကပါ ဒီလုပ်ရပ်ကို ရှုတ်ချတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။ ဒါပေမယ့် နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူတွေကတော့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံရေး ကစားကွက် လည်း ဖြစ်နိုင်ပြီး မြောက်ပိုင်း မဟာမိတ် အင်အားစုတွေနဲ့ တော်လှန်ရေး အင်အားစုတွေအပေါ် တရုတ်အနေနဲ့ အထင်အမြင်လွဲအောင် စစ်ကောင်စီကိုယ်တိုင် ဒီဖြစ်စƚ
Back to Top