ပြောက်ကျားစစ်ဆိုတာ ဒီလိုတိုက်ရတယ် ၊ ဘို့မသံတောင် သမိုင်းဝင်တိုက်ပွဲမှတ်တမ်း

ဒီတိုက်ပွဲဟာ သမိုင်းဝင်တိုက်ပွဲဖြစ်တယ်။ ဒီတိုက်ပွဲဟာသမိုင်းဝင်တိုက်ပွဲမို့ အသေးစိတ်မှတ်တမ်းတင်ထားတယ်။ စစ်ကောင်စီရဲ့အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်နားအထိ ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့တာတချက်တည်းကြောင့် သမိုင်းဝင်တာမဟုတ်ဘူး။ ပြောက်ကျားစစ်ရေးနည်းကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုပြီး ရန်သူအများအပြားကို ချေမှုန်းသွားတဲ့တိုက်ပွဲ ဖြစ်တဲ့အတွက် စံပြတိုက်ပွဲလည်း ဖြစ်တယ်။ ဇွဲနပဲနဲ့ သန္နိဋ္ဌာန်ခိုင်မာမှုဟာလည်း အတုယူလောက်တယ်။ လေ့လာစရာ သင်ခန်းစာယူစရာတွေများတဲ့အတွက် ဒီတိုက်ပွဲကို အသေးစိတ်မေးမြန်းပြီးမှတ်တမ်းတင်ထားပါတယ်။ တောတောင်ပုံတွေကရှမ်းရိုးမထဲကဓာတ်ပုံအစစ်မဟုတ်တာကလွဲပြီး ကျန်အချက်အလက်အားလုံး ရာသီဥတုအခြေအနေကအစ အပိုအလိုမရှိအတိအကျဖြစ်ပါတယ်။ ဖတ်ကောင်းအောင် နားထောင်ကောင်းအောင် အပိုတန်ဆာဆင်ချဲ့ကားထားခြင်းလုံးဝမရှိပါ။
Back to Top