‘’စေ့စပ်ဆွေးနွေး စကားပြောပြီ - အပစ်ရပ်နိုင်လား...’’ ကိုအောင်မှိုင်း နဲ့ သုံးသပ် ဆွေးနွေးခန်း

‘’စေ့စပ်ဆွေးနွေး စကားပြောပြီ - အပစ်ရပ်နိုင်လား...’’ ကိုအောင်မှိုင်း နဲ့ သုံးသပ် ဆွေးနွေးခန်း ------------------ ‘’ညီနောင်၃ဖေါ်က ရပ်သည်ဖြစ်စေ... မရပ်သည်ဖြစ်စေ... နွေဦး တော်လှန်ရေး ကို တန့်သွားစေမှာ မဟုတ်ဘူး... နွေဦးတော်လှန်ရေးက မုန်တိုင်း ဖြစ်တယ်...’’ ‘’စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းက အမေရိကန်က စမှာပဲ’’ ‘’တော်လှန်ရေး သားလျောမှုတွေက နိုင်ငံရေးမှားယွင်းမှု တွေကြောင့် ဖြစ်တယ်’’ ကိုအောင်မှိုင်း (၇၆ မျိုးဆက်) ---------------------- ‘’၁၀၂၇ စစ်ဆင်ရေး’’ ၄၆ ရက်မြောက်နေ့... ရှမ်းမြောက် ကိုးကန့် ဒေသ တခုလုံးနီးပါး လက်လွှတ် ဆုံးရှုံးထားရတဲ့ စစ်ကောင်စီ နဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ တို့ တရုတ်ကြားဝင်မှုနဲ့ စေ့စပ် ဆွေးနွေးပြီ ဆိုတဲ့ သတင်း ထွက်ပေါ် လာ ပါတယ်။ အကျိုးဖြစ်ထွန်းရင် လကုန်ထပ် ဆွေးနွေးမယ်... ဆိုတဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြား သံနဲ့ အတူ... တရုတ် နိုင်ငံခြားရေး ပြောခွင့်ရကလည်း ရလဒ်ကောင်းတွေနဲ့ ဆွေးနွေးပွဲ လို့ ထုတ်ဖေါ် ပြောလာပါတယ်။ ဒီတော့ အခု တွေ့ဆုံ ဆွေးနွေးမှု ကနေ အပစ်အခတ်ရပ်စဲ လာနိုင်လား... ‘’၁၀၂၇ စစ်ဆင်ရေး’’ ရဲ့ ရည်မှန်းချက်တွေ အတွက် စေ့စပ်ညှိနှိုင်းမှုနဲ့ အဖြေရှာနိုင်မလား... တနိုင်ငံလုံးရဲ့ တော်လှန်ရေး အရှိ လျော့ကျသွားနိုင်လား... ဒီစေ့စပ်ရေးလမ်းကြောင်း ကို ဘယ်သူတွေ တွန်းတင်ခဲ့တာလဲ... စစ်အုပ်စု အမြစ်ဖြတ်ရေး အင်အားစုတွေ ဘာဆက်လုပ်မလဲ... စတဲ့ အမေးတွေ အတွက် ကိုအောင်မှိုင်း (၇၆ မျိုးဆက်) က အဖြေထုတ်ပြီး သုံးသပ် ဆွေးနွေး ပေးထားပါတယ်။ ---------------- THN freelance journalist - ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့&
Back to Top