ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ထဲဝင်မလား သူ့သမီးဒေါ်စုကြည်ပါတ်သက်နေတဲ့PDFထဲဝင်မလား

ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ထဲဝင်မလား ၊ သူ့သမီး ဒေါ်စုကြည် ပါတ်သက်နေတဲ့ PDF ထဲဝင်မလား ၊ စဥ်းစားကြပေါ့လို့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ တပ်မတော်ထဲကို ဝင်ရောက် တာဝန်ထမ်းဆောင်ကြမယ့်သူတွေနဲ့ပတ်သက်ပြီး တပ်မတော်သား အငြိမ်းစားတစ်ယောက်လည်းဖြစ် နိုင်ငံရေးသမားလည်းဖြစ်တဲ့ ဘုလက်ဦးလှဆွေက သူ့ရဲ့ ဖေစ့်ဘွတ်လူမှုကွန်ယက်ကနေ ပြောဆိုထားပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ နည်းဥပဒေတွေကို မသိနားမလည်သူတွေကို ခြိမ်းခြောက်အကျပ်ကိုင်မှုကတစ်ဆင့် ငွေကြေးနဲ့ အခြားအခွင့်အရေးတွေရယူ အမြတ်ထုတ်လိုတဲ့ အောက်ခြေက မသမာသူ အကျင့်ပျက် ဝန်ထမ်းအချို့နဲ့ အဖွဲ့အစည်းအချို့ကို ဖော်ထုတ် အရေးယူမှာဖြစ်လို့ တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးကြဖို့ နစက ဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ပြောဆိုထားပါတယ်။#pan_broadcasting
Back to Top