ကိုယ့်နိုင်ငံရဲ့ ငွေတွေ ပြည်ပကိုမစီးဆင်းချင်လို့ ထိုင်းလက်ဝှေ့သမား မခေါ်ဟုဆို
ကိုယ့်နိုင်ငံရဲ့ ငွေတွေ ပြည်ပကိုမစီးဆင်းချင်လို့ ထိုင်းလက်ဝှေ့သမား မခေါ်ဟုဆို
--------- အကုန်သိ အားကစား ---------
ထိုင်းလက်ဝှေ့သမားတွေကိုခေါ်လိုက်ရင် ကျွန်တော်တို့ရဲ့ငွေတွေ တစ်ဖက်နိုင်ငံကို စီးဆင်းသွားရတယ်။ ဒီလိုမခေါ်တော့ ကိုယ့်နိုင်ငံကလက်ဝှေ့သမားတွေ ပြိုင်ပွဲက ရရှိတဲ့ငွေကြေးတွေ မဖိတ်စင်တော့ဘူး။ နိုင်ငံသားအချင်းချင်း ရှုံးခြင်း၊ နိုင်ခြင်းဆိုတာထက် ကရင်ပြည်နယ်နေ့မှာ ပြုလုပ်တဲ့ပွဲဖြစ်လို့ ဒီနေရာက ကစားသမားတွေရဲ့ အောင်မြေပဲလို့ မြန်မာ့လက်ဝှေ့အဖွဲ့ဝင် ဦးမြင့်ဦးက ပြောပါတယ်။
ရိုက်ကူး/မေးမြန်း - စောဘောသိုလ်၊ တည်းဖြတ် - သားကို