မောင်တောခရိုင်ရဲတပ်ဖွဲ့အနီးက “စိန်“ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားမြတိုက်ခံလိုက်ရပါတယ်

မောင်တောခရိုင်ရဲတပ်ဖွဲ့အနီးက “စိန်“ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားမြတိုက်ခံလိုက်ရပါတယ် Border News Agency ကျောက်ဖြူ၊ဒီဇင်ဘာ ၂၁။ မောင်တောမြို့ပေါ်၊မောင်တောခရိုင်ရဲတပ်ဖွဲ့အနီးမှာရှိတဲ့ စိန်’’ ရွှေဆိုင်ပိုင်ရှင်နေအိ မ်ကို ဒီနေ့ ဒီဇင်ဘာလ ၂၁ ရက် မနက် ၁ ၀ နာရီခန့်က မျက်နှာဖုံးစွပ်လူခြောက်ဦး က ဝင်ရောက်ဓားပြတိုက်သွားခဲ့ပြီး ရွေပိသာချိန် တဆယ်ယူဆောင် သွားကြတယ် လို့ “စိန်“ရွှေဆိုင်ပိုင်ရှင် တွေက အတည်ပြုပြောပါတယ်။ အဲဒီလိုဓားမြတိုက်ခံရတဲ့နေအိမ်ဟာ မောင်တောမြို့မအရှေ့ရပ်ကွက်၊အာလီသားကန်ဘောင်ရှေ့မှာတည်ရှိတဲ့ မူဆတာအာမတ်ရဲ့သား၊အသက် ၃၈ နှစ်အ ရွယ်၊’’စိန်“ ရွှေဆိုင်ပိုင်ရှင် အဏ္ဏာဝါဆာဒတ်နေအိမ်ဖြစ်ပါတယ်။ အဲဒီနေအိမ်ကိုအာလီသားကန်ဘောင်ရှေ့လမ်းမှဝင်ထွက်နိုင်သလို မောင်တောမြို့မဗလီတန်းရှေ့ဝင်ပေါက်ကလ ည်းဝင်ရောက်နိုင်တယ်လို့ ကာယကံရှင် တွေနဲ့မောင်တောမြို့ခံတွေက ဆိုကြပါတယ်။ အဲဒါကြောင့်’’စိန်“ရွှေဆိုင်ပိုင်ရှင်မိသား စုအပါအဝင်အဲဒီအိမ်သို့ဝင်ထွက်သွား လာနေသူတချို့ကိုမောင်တောရဲစ ခန်းမှ ခေါ်ယူစစ်ဆေးနေတယ်လို့ ကာယကံရှ င်တွေနဲ့မောင်တောခရိုင်ရဲတပ်ဖွဲ့ရုံးက ဆိုကြပါတယ်။ အဲဒီအိမ်သို့ဓားမြဝင်တိုက်နေချိန်မှာ အဲ ဒီအိမ်ထဲမှာက လေးတွေကို စာသင်ပြနေတဲ့ပြင်ပဆရာမတစ်ဦးလည်းရှိနေပြီး သူမကိုလည်း ရဲစခန်းသို့ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုကြပါတယ်။ အဲဒီလိုဝင်ရောက်ဓားမြတိုက်ချိန်မှာနေ အိမ်အတွင်းယောကျ်ားသားတွေမရှိတာမို့ပိုင်ရှင်အမျိုးသမီးကိုဖမ်းဆီးချုပ်နှောင်ပြီးယူသွားကြတာလို့ တာဝန်
Back to Top