“ထောက်ခံအားပေးတယ်ဆိုတာ လက်ခုပ်တီးပေးနေရုံနဲ့တော့ မရဘူးလေ”

“ထောက်ခံအားပေးတယ်ဆိုတာ လက်ခုပ်တီးပေးနေရုံနဲ့တော့ မရဘူးလေ” - ဗိုလ်နဂါး (ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA) (၆- ၁၁- ၂၀၂၃) “၁၀၂၇ စစ်ဆင်ရေးအပေါ် လူထုရဲ့ထောက်ခံအားပေးမှုက အားရစရာကြီးပါ။ ဒါပေမယ့် လက်ခုပ်တီးပေးနေရုံနဲ့တော့မရဘူး။ လူထုလှုပ်ရှားမှူတွေ၊ အခြားကူညီပေးမှူတွေကိုပါ တဦးချင်း နိုင်တဲ့ဖက်က ပူးပေါင်းပါဝင်ဖို့လိုတယ်” လို့ စစ်ကိုင်းတိုင်းအခြေစိုက် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) စစ်ဦးစီးချုပ် ဗိုလ်နဂါးက ပြောပါတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဘယ်အထိ ဦးတည်သွားနိုင်သလဲ၊ လူထုရဲ့ ပူးပေါင်းပါဝင်မှု ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ... - ၁၀၂၇ စစ်ဆင်ရေးက နယ်မြေထိန်းချုပ်ရေးအပြင် စစ်အာဏာရှင်ဖြုတ်ချရေးကို ဘယ်လောက်အထိ သွားနိုင်သလဲ... - အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကကော ဒီစစ်ဆင်ရေးနဲ့ ဟန်ချက်ညီအောင် ဘာတွေဆောင်ရွက်နိုင်မလဲ... - ထောက်ခံအားပေးတယ်ဆိုတာ လက်ခုပ်တီးပေးရုံနဲ့မရဘူးလို့ ဘာကြောင့်ပြောတာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။ ======= BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။ Burma News Network
Back to Top