မြန်မာနိုင်ငံအဆောက်အအုံတွေက စိတ်ကျရောဂါဖြစ်ဖို့များလို့ ဂျပန်ကို အတုယူသင့်ကြောင်း ဦးဖြိုးမင်းသိန်း ပြော

မြန်မာနိုင်ငံအဆောက်အအုံတွေက စိတ်ကျရောဂါဖြစ်ဖို့များလို့ ဂျပန်ကို အတုယူသင့်ကြောင်း ဦးဖြိုးမင်းသိန်း ပြော ------- အကုန်သိသတင်းဌာန ------- “လမ်းမပေါ်ကို နေ ဘယ်အချိန်ရောက်မလဲဆိုတာ စောင့်ကြည့်ပါ။ အဲဒီလမ်းမပေါ်ကို ရောက်တဲ့နေဟာ ဘယ်နှစ်နာရီရှိလဲ။ ဘယ်နှစ်နာရီကျရင် အဲဒီလမ်းက နေမရှိတော့ဘူးလဲ။ နေရတဲ့အချိန် နည်းလာတာနဲ့အမျှ အဲဒီအောက်ထပ်မှာ နေတဲ့လူတွေဟာ စိတ်ကျရောဂါ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော် အချက်တစ်ချက်ပဲ ထုတ်ပြတာပဲရှိသေးတယ်“ လို့ ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။ ဆက်လက်ပြီး ဦးဖြိုးမင်းသိန်းက လမ်းတွေနဲ့ တိုက်ခန်းအောက်ထပ်တွေမှာ နေရောက်ရဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သလို မြန်မာနိုင်ငံအနေနဲ့ အဆောက်အအုံ တည်ဆောက်တဲ့နေရာမှာ ဂျပန်ကို အတုယူသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ သတင်း - မင်းသီဟန်၊ တင်ဆက် - မေနိုင်း၊ တည်းဖြတ် - သားကို
Back to Top