“ပြည်သူသိစေချင်လို့ပါ (၃)”

“ပြည်သူသိစေချင်လို့ပါ (၃)” ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်အရေး (လူထုခေါင်းဆောင်ကြီး တကယ်ပြတ်သားသလား အမှန်တရားဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ရဲသလား သိစေချင်လို့ပါ။) ဆရာတော်ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ကို မေးထားတဲ့ မေးခွန်းဖိုင်(၂၀)ထဲမှ အမှတ်(၃)မေးခွန်းဖိုင်ဖြစ်ပါသည်။ အမှတ်(၄)ဖိုင် ဆက်လက်တင်ပေးသွားပါမည်။ ၂၀၁၂ ပေါ့ဗျာ။ ကြားဖြတ်ရွေးကောက်ပွဲကာလ စည်းရုံးရေးခရီးစဉ်တွေနဲ့ လူထုခေါင်းဆောင် အလုပ်ရှုပ်နေတဲ့အချိန်မှာပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကချင်ပြည်နယ် ဖားကန့် ဆိုင်းတောင်တို့ ကျောက်ပန်းတောင်းတို့ မကွေး ကမ္မတို့ ဘာသာရေး လူမှုရေးပဋိပက္ခတွေ ဖြစ်တာပေါ့နော်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေ ဆိုကြပါစို့ မြန်မာဗုဒ္ဓဘာသာဝင်တွေကို အပြစ်တင်တဲ့လေသံနဲ့ပေါ့။ သတင်းတွေမှာပြောတာတွေ့ရတာပေါ့နော်။ အပြစ်တင်တယ်လို့ဆိုကြပါစို့။ ပြည်သူလူထုကို အပြစ်တင်တာပေါ့ဗျာ။ မြန်မာလူမျိုးကို အပြစ်တင်တာပေါ့။ ဆက်တိုက်ဆိုသလိုပဲ ရခိုင် တောင်ကုတ် ပြဿဿ နာက ထပ်ပေါ်လာတာပေါ့နော်။ မူဆလင်တွေအသတ်ခံလိုက်ရတယ်။ အဲဒီမှာ လူနည်းစု လူနည်းစုဆိုပြီးတော့ ပြင်းပြင်းထန်ထန် တိုင်းရင်းသားတွေကို ဝေဖန်တယ်ပေါ့ဗျာ။ ဒီနှစ်ခုကိုကြည့်ရရင် ဘာပဲပြောပြော ပြောသင့်တယ် ပြောထိုက်
Back to Top