စစ်တပ်အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ တိုင်းရင်းသားဒေသ ထူးခြားပြောင်းလဲလာတဲ့အခင်းအကျင်း

မြန်မာ-တရုတ်နယ်စပ်ရှိ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကို ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ်မတော်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်သွားပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီးနောက် လွတ်မြောက်နယ်မြေ ဖြစ်သွားတဲ့ နမ့်ခမ်းမြို့အကြောင်းကို ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ရွှေဖီမြေ သတင်းဌာနနဲ့ Mizzima TV တို့က ပူးပေါင်းတင်ဆက်ထုတ်လွှင့်တာ ဖြစ်ပါတယ်။ ဒီသတင်းကို ရွှေဖီမြေသတင်းဌာနမှ မိုင်းအနိုင်က နမ့်ခမ်းမြို့ကနေ တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။
Back to Top