KIO/KIA ဌာနချုပ် နားအထိ စစ်ကောင်စီလှုပ်ရှား လာတာ ဘာအတွက်ပါလဲ... ဗိုလ်မှူးကြီး နော်ဘူ ပြောပြီ

(လိုင်ဇာကို) ‘’... ထိုးမယ်ဆိုရင်တော့ ကျွန်တော်တို့ က ခုခံရမှာပဲ... ဒီအတိုင်း... ဝင်ခိုင်းမှာတော့ မဟုတ်ဘူးပေါ့နော်... ဗိုလ်မှူးကြီး နော်ဘူ (KIA) -------------------------------- KIO/KIA ဌာနချုပ် အနီးနား အထိ စစ်ကောင်စီ စစ်ရေးလှုပ်ရှား လာတာ ဘာအတွက်ပါလဲ... ဌာနချုပ်ကို သိမ်းဖို့လား... တခုခု ဖိအားပေးဖို့လား... KIO/KIA သတင်းဌာန ပြန်ကြားရေး ဗိုလ်မှူးကြီး နော်ဘူ ကို ဆက်သွယ် မေးမြန်းထားပါတယ်။ ------------------------- KIO/KIA ဌာနချုပ် နဲ့ အနီးမှာ ရှိတဲ နမ်ဆန်ယန် ရွာမှာ မနေ့က စစ်ကောင်စီ လှုပ်ရှား တပ်နဲ့ KIA တပ်ဖွဲ့တွေ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါ တယ်။ အဲဒီ ဒေသဘက်ကို အရင်တုန်းက တက်လာထားတဲ့ စစ်ကောင်စီ စစ်ကြောင်း တွေလည်း ပြန်ဆင်းသွားတာမျိုး မရှိဘူးလို့ ဗိုလ်မှူးကြီး နော်ဘူ က ပြောပြီး လက်ရှိမှာ စစ်ရေး တင်းမာနေတယ်လို့ ဆိုပါတယ်။ နမ်ဆန်ယန် ရွာ နဲ့ အနီးတဝိုက် ကို စစ်ကောင်စီ က ပြန်ထိန်းချုပ် လိုတာကြောင့်လား... ဆိုတော့ စစ်ကောင်စီ ဘာကို ရည်ရွယ်လုပ်ဆောင် နေတာလဲ... ---------------- THN freelance journalist - ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ --------------------------- Twitter - တယ်လီဂရမ်လည်း ရှိပြီ တစ်တော့ လာပြီ @thnmedia?lang=en
Back to Top