အင်္ဂပူမြို့နားက ရှေးဟောင်းပျူဂဝံမြို့ကြီး ဆီ | Ancient Pyu City near Ingapu Town

မြန်မာနိုင်ငံမှာ ပြန်လည်တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းဂဝံမြို့ဟောင်းတွေထဲမှာ အကြီးဆုံးလို့ ယူဆနိုင်စရာရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ပျူခေတ်ဂဝံမြို့ဟောင်းကြီးရှိရာ အင်္ဂပူမြို့အနီးက တောင်ဇင်းရွာ ကို ရောက်ရှိလေ့လာခွင့် ရခဲ့ပါတယ်။ ဦးပဉ္ဇင်း ဦးပညာသီရိက ဒီ ကျပ်ပြင်တောရကျောင်းမှာ ဘုရားတည်ဖို့လုပ်ဆောင်နေရာကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရှေးဟောင်းသုတေသနပညာရှင်တွေကို ပြသတိုင်ပင်ဖော်ထုတ်ခဲ့တာလို့ သိရပါတယ်။ ဒီနေရာကို ဒီဗီဒီယိုလေးကနေ တင်ပြပေးလိုက်ပါတယ်ဗျာ။ ဂဝံရှေးဟောင်းမြို့တော်အစိတ်အပိုင်းတွေ၊ သူတော်စင်တွေ တရားကျင့်ကြံအားထုတ်ရာ ဂူတွေ၊ ကျောက်စာတွေ၊ ရှေးဟောင်းရုပ်တုတွေနဲ့အတူ ဘုရားခြေတော်ရာ၊ နတ်ရေကန် စသဖြင့် တွေ့မြင်ရသမျှကို တင်ဆက်ထားပါတယ်။ နှစ်ပေါင်း ရာကျော် သက်တမ်းရှိပြီဖြစ်တဲ့။ မြို့ကွင်းတံတားဟောင်းကြီးအကြောင်းပါ တင်ပြပေးလိုက်ပါတယ်ဗျာ။ အားလုံးကျန်းမာဘေးကင်း စိတ်ရွှင်လန်းကြပါစေ သီဟလုလင် (Thiha, the Traveller)
Back to Top