စကစ - NCA ၅ ဖွဲ့ EAO နဲ့ နိုင်ငံတော် - ALP ဥက္ကဌ ဒေါ်စေမြရာဇာလင်း နဲ့ ‌မေးမြန်းခန်း

‘’နိုင်ငံတော်မှာ ဖြစ်နေတဲ့ စိတ်မကောင်း စရာ အားလုံး အတွက် ကျွန်မတို့ စကားပြောပါတယ်’’ ‘’ဒီနိုင်ငံမှာ ပေါ့နော်... အာဏာကို ဘယ်သူကပဲ... လက်တွင်းမှာပဲ ရှိရှိ... ရှိနေတဲ့ လူတွေနဲ့ ဒီနိုင်ငံ ငြိမ်းအောင်လို့ ကြိုးပမ်း ရတော့မှာပဲ...’’ ဒေါ်စောမြရာဇာလင်း (ALP ဥက္ကဌ) --------------------------- စစ်ကောင်စီ နဲ့ EAO ၅ ဖွဲ့ရဲ့ ၃ ရက်တာ ဆွေးနွေးမှု တွေကနေ ၂၀၀၈ ခြေ/ဥ ပြင်ဆင်နေရးနဲ့ ညီလာခံ ရွေးကောက်ပွဲကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စုမှာ EAO တွေ လက်တွေကျကျ ပါဝင်ရေး၊ နိုင်ငံရေးနယ်ပယ်မှာ EAO တွေ ဦးဆောင်မှု မြင့်တင်ရေး နဲ့ ၈ နှစ်မြောက် NCA အခမ်းအနား ကျင်းပရေးတို့ ကို ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ EAO ၅ ဖွဲ့ရဲ့ ပြောခွင့်ရ ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်း က NCA ဟာ မပျက်ပြယ်ကြောင်း အခိုင် အမာ ပြောကြားသွားပြီး အဲဒီ အတိုင်း ဆက်လက် ဆွေးနွေး ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ စစ်အာဏာသိမ်းခဲ့လို့ NCA အတိုင်း သွားမရတော့ဘူး ဆိုတဲ့ EAO တွေရဲ့ ရပ်တည်ချက် အပေါ် ဘယ်လို သဘောထားမလဲ... အခု စကစ နဲ့ ဆွေးနွေးမှု တွေကနေ တိုင်းပြည်ငြိမ်းချမ်းရေး ဘယ်လို ဆောင်ကျဥ်းပေး နိုင်မလဲ အများပြည်သူ အတွက် ဆွေးနွေးပွဲ ရလဒ်တွေကို ချပြပေးနိုင်မလား... စတဲ့ အမေးတွေကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်း က ပြန်လည် ဖြေကြားပေးထား ပါတယ်။ --------------------- စစ်ကောင်စီနဲ့ အခု ဆွေးနွေးနေတဲ့ EAO ၅ ဖွဲ့ ကတော့ ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU၊ PNLO တို့ဖြစ်ကြပါတယ်။ ---------------- THN freelance journalist - ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ --------------------------- Twitter - တယ်လ
Back to Top