RunningMan (Mmsub)

Guests- ဒီအပိုင်းကတော့ Running Man အပိုင်းအားလုံးတွေထက် Rating အများဆုံးအပိုင်းဖြစ်ပါတယ်။ Ratings အနေနဲ့ 23.6% ရရှိထားပါတယ်။ သမိုင်းဝင်တဲ့အပိုင်းလို့တောင်ပြောလို့ရပါတယ်။ Rating အများဆုံး Top 10 အပိုင်းထဲကမှ No.1နေရာကဖြစ်ပါတယ်။ အထူးဧည့်သည်တွေအဖြစ်အနေနဲ့ MMA ဖိုက်တာအကျော်အမော်ဖြစ်၊ ဂျူဒိုမှာလည်းဆရာတစ်ဆူဖြစ်တဲ့…ချူဆန်ဟွန်း(အရင်က Return of superman ကြည့်ဖူူူးတဲ့သူတွေတော့ သူ့ကိုသိမှာပါ) နဲ့ ကိုရီးယားနိုင်ငံရဲ့…လက်ဝှေ့ဖိုက်တာရော…မင်းသမီးပါဖြစ်တဲ့လီဆီယောင်းတို့ကပါဝင်ကူညီအားဖြည့်ပေးထားပါတယ်။ဒီအပိုင်းက‌တော့ရန်းနင်းမန်းတစ်လျှောက်ရိုက်ကူးရေးကိုမနက်အာရုဏ်မတက်ခင်အချိန်ကတည်းစပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။မတူညီတဲ့ပြိုင်ပွဲများနဲ့ယှဉ်ပြိုင်မှုအစစ်တွေကိုမြင်တွေ့ရမယ့်အပိုင်းလည်းဖြစ်ပါတယ်။အဓိက ပါဝင်တဲ့Gameအမျိုးအစားကတော့ ဉာဏ်စမ်းဂိမ်း၊ နာမည်ကတ်ခွာဂိမ်းနဲ့ တက်ကျိဂိမ်းအမျိုးအစားတို့ဖြစ်ပါတယ်။ ဒီအပိုင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် နေ့မှာထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ အပိုင်း(၁၃၁)
Back to Top