Auto Gear မောင်းရင် သတိထားရမယ့်အချက်တွေ #autonet #car_knowledge #auto_gear_car

Auto Gear မောင်းရင် သတိထားရမယ့်အချက်တွေ ===================================== အရင်က ကားတော်တော်များများဟာ Manual စနစ်သုံး ဂီယာ အရွေ့အပြောင်းလုပ်ရတဲ့ကားတွေပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နည်းပညာတိုးတက်လာသလို နည်းပညာသုံးကားတွေဟာ Automatic Transmission လို့ခေါ်တဲ့ Auto Gear ကားတွေဖြစ်လာကြပါတယ်။ အော်တိုဂီယာစနစ်ကားတွေဖြစ်လာကြလို့လည်း ကားမောင်းတဲ့သူအတွက် ဂီယာအရွှေ့အပြောင်းအလုပ်ရှုပ်သက်သာလာကြပါတယ်။ ဒါပေမဲ့လည်း အော်တိုဂီယာကားတွေမှာ ကားမောင်းသူတွေသတိမပြုမိတာကြောင့် အော်တိုဂီယာစနစ်တွေ ပျက်စီးစေတတ်တဲ့ အလေ့အထလေးတွေရှိနေပြန်ပါတယ်။ အခုဗွီဒီယိုမှာတော့ အမှုမဲ့ အမှတ်မဲ့ အလေ့အထလေးတွေကနေ တန်ဖိုးကြီးတဲ့ အော်တိုဂီယာဘောက်တွေ အပျက်အစီး မဖြစ်ရအောင် သတိပြုရှောင်ရှားနိုင်ဖို့အချက်တွေကို ပြောပြပေးထားတာဖြစ်လို့ ဗွီဒီယိုလေးကို အစကနေအဆုံးအထိကြည့်ပေးသွားကြဖို့ တောင်းဆိုပါရစေရှင်။ #autonet #car_knowledge #auto_gear_car #အော်တိုဂီယာကား
Back to Top