Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းမြို့နယ် ခလရ ၁၂၅ တပ်ရင်းက ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အလင်းဝင်လာပြီးတဲ့နောက် အဲ့ဒီ့တပ်ရင်းကနေ လက်နက်ခဲယမ်းအမြောက်အမြားကို တောင်ပုံရာပုံ ရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ ပူးတွဲတိုက်ပွဲဝင်နေတဲ့ PDF ရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၄ နာရီက စပြီး KNLA – PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတချို့ မီးလောင်နေပြီလို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ခရိုင်က တိုက်ပွဲမဖြစ်တဲ့ဘက်က နန်ကော် ကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ -
Back to Top