Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ - ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ကို တအာင်းတပ်မတော် (TNLA)ကနေ အလုံးစုံ ထိန်းချုပ်ထား လိုက်ပြီလို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ကနေ တရားဝင် ထုတ်ပြန်ပြောဆိုလိုက်ပြီး နိုင်ငံတစ်ဝန်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ဟာ ၉ မြို့ အထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ - ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နန့်မယ်ခုံနှင့် နန်းစံခန်း တို့ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေး တပ်ဖွဲ့တွေကနေ ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။ - ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေက်မဲမြို့မှာ အကြမ်းဖက် စစ်ကောင်စီက စစ်ရဟတ်ယာဉ်တွေနဲ့ စစ်အင်အား များတိုးချဲ့နေပြီး ၊ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေ ပို့ဆောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
Back to Top