“အမျိုသားရေးဆရာတော် ဦးဝီရသူနဲ့ ဆက်သွယ်မေးမြန်းချက်”

“အမျိုသားရေးဆရာတော် ဦးဝီရသူနဲ့ ဆက်သွယ်မေးမြန်းချက်” ================================ မန္တလေး၊ မေ – ၂၉ – ၂၀၁၉ နေလင်း(VOM) အမျိုးသားရေဝါဒီ ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်း ထုတ်လိုက်ပြီဖြစ်လို့ သူ့ကို ဖမ်းဆီးထိန်းသိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် ဦးဝီရသူကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ VOM က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ရေးသားဖော်ပြလိုက်ပါတယ်။ မေး။ ။ ဆရာတော် အခု ဘယ်မှာရောက်နေပါလဲဘုရား။ ဖြေ။ ။ရန်ကုန်မှာ။ မေး။ ။ဆရာ့တော့်ကို ပုဒ်မ ၁၂၄ နဲ့ ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆရာတော် ဘာများသိထားလဲဘုရား။ ဖြေ။ ။လိုင်းပေါ်မှာတက်နေတဲ့သတင်းတွေတော့ သိထားတာပေါ့နော်။ ကျန်တာကတော့ ကျောင်းကိုလှမ်းမေးတော့ ကျောင်းတိုက်ကတော့ ဘာမှမထူးခြားဘူးလို့ ပြောတာပဲ။ မေး။ ။ဒါနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့ကရော အကြောင်းကြားတာရော ရှိပြီလားဘုရား။ ဖြေ။ ။မရှိသေးပါဘူး။ မေး။ ။ရဲတပ်ဖွဲ့ကလည်း အကြောင်းမကြားသေးဘူးဆိုတော့ ရန်ကုန်တိုင်းသံဃာ့မဟာနာယက,က ဆရာတော်ကိုပင့်ထားတာအတွက် ကြွဖို့ ရောက်နေတာလား ဘုရား။ ဖြေ။ ။အဓိကကတော့ ရန်ကုန်တိုင်း သံဃာ့မဟာနာယက,က ပင့်ခေါ်တဲ့စာ ၂၃ ရက်နေ့မှာရောက်ထားတာလေ။ လာကပ်တဲ့အဖ
Back to Top